Myanmar
၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၈ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ငွေကျပ်သိန်း ၄,၃၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၈ ဒသမ ၆ ကီလို ဖမ်းဆီးရမိ (၂၇/၁၀/၂၀၂၄-MRTV)
-၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် (ဒုတိယအကြိမ်) ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ် (၂၇/၁၀/၂၀၂၄-MRTV)
-ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) အထူးဇုန်များမှ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် (၂၇/၁၀/၂၀၂၄-MOI)
-ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ငွေဆောင်ကမ်းခြေဒေသဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက် (၂၇/၁၀/၂၀၂၄-MOI)
-လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် (၅၀၀)ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်း၏ လုပ်ငန်းတိုးတက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေး (၂၇/၁၀/၂၀၂၄-MOI)
-ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အားကစားအဖွဲ့ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ (၂၇/၁၀/၂၀၂၄-MOI)
-ပဲခူး-ရန်ကုန်နှင့် ရန်ကုန်-ပဲခူး ခရီးစဉ် အမှတ် (၁၆)အစုန်၊ အမှတ် (၁၅)အဆန် လေအေးစက်တပ် ခေတ်မီဒီဇယ်လျှပ်စစ် (DEMU) ရထား ခရီးသည်စီးနင်းမှု များပြား၊ ဘူတာများ၌ လက်တန်းပါသံလှေခါးများ စီစဉ်ထားရှိ (၂၇/၁၀/၂၀၂၄-MOI)
-စစ်ကိုင်းစက်မှုဇုန်ရှိ ဆောက်လုပ်ရေးသုံးပစ္စည်းဖြစ်သည့် သံရည်ကျို၊ ပန်းလုံးနှင့် ဟင်းဂလိုင်းစက်ရုံမှ တစ်ရက်လျှင် ကုန်ပစ္စည်းတန်ချိန် (၂၀) မှ (၂၅) ကြား ထုတ်လုပ်လျက်ရှိ (၂၇/၁၀/၂၀၂၄-MRTV)
-မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ပြန်ပြည့်မြဲစွမ်းအင်မှ ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်ရေးတွင် BREP အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ (၂၇/၁၀/၂၀၂၄-MRTV)
-POSCO International Corporation (Myanmar E & P) သည် Shwe project Subsea System Inspection လုပ်ငန်းများအား နိုဝင်ဘာ (၂၂) ရက်နေ့မှ ဒီဇင်ဘာ (၃၁) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ရေကြောင်းသတိပေးချက် ထုတ်ပြန် (၂၈/၁၀/၂၀၂၄-MRTV)
-စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် (၆၃၂၀) ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ (၂၈/၁၀/၂၀၂၄-MRTV)