Connect with us

Myanmar

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကို ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့် ခြင်းသို့ တက်ရောက် ကြည့်ရှုအားပေး
(၁၁/၁၂/၂၀၂၄ – MOI)

-ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေး (၁၁/၁၂/၂၀၂၄ – MOI)

-ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့(၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားတက်ရောက် (၁၁/၁၂/၂၀၂၄ – MOI)

-မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်(မကွေးဘဏ်ခွဲ) ဖွင့်ပွဲအခမ်းအနား တက်ရောက် (၁၁/၁၂/၂၀၂၄ – MOI)

-တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာ၀တီတိုင်းဒေသကြီးအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စည်းများ၊ ပြည်ပပို့ကုန်(၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲတက်ရောက် (၁၁/၁၂/၂၀၂၄ – MOI)

-တိုင်းဒေသကြီးဝန်ကြီးချုပ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားတက်ရောက် (၁၁/၁၂/၂၀၂၄ – MOI)

-ရွာငံမြို့နယ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ တရားမဝင်သယ်ဆောင်မည့် ထိန်းချုပ် ဓာတုပစ္စည်း ကဖင်း ၂ တန်ခန့် ဖမ်းဆီးရမိ (၁၁/၁၂/၂၀၂၄ – MRTV)

-ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေး
(၁၁/၁၂/၂၀၂၄ – MOI)

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား (၁၀/၁၂/၂၀၂၄ – MOI)