Connect with us

Culture & Entertainment

မြန်မာနိုင်ငံ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ လာရောက်လေ့လာသူ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ၃၄,၀၀၀ ကျော်ရှိ

မြန်မာနိုင်ငံ ပုဂံမြို့ဟောင်းရှိ ဘုရားတစ်ဆူကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ လာရောက်လေ့လာသူ ၃၄,၀၀၀ ကျော်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ဒီဇင်ဘာ ၁၁ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါ ခရီးသွားဧည့်သည်များတွင် ပြည်တွင်းမှ ၃၄,၃၇၅ ဦးနှင့် နိုင်ငံတကာခရီးသွားဧည့်သည် ၂၅၁ ဦး ပါဝင်ကြောင်း၊ နိုင်ငံတကာခရီးသွားဧည့်သည်များမှာ တရုတ်၊ ထိုင်းနှင့် ရုရှား စသည့်နိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်က မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကို တစ်နေရာတည်းတွင် လေ့လာနိုင်ခြင်းက တန်ဖိုးမဖြတ်နိုင်သော အခွင့်အလမ်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောခဲ့သည်။
ယခင်ဘဏ္ဍာနှစ်က အဆိုပါပြတိုက်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၉၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအောက်တွင် အမျိုးသားပြတိုက် ၂၉ ခုရှိကြောင်း၊ ၎င်းတို့အနက် အမျိုးသားပြတိုက် (ရန်ကုန်) ၊ အမျိုးသားပြတိုက် (နေပြည်တော်)၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်နှင့် မန္တလေးယဉ်ကျေးမှုပြတိုက် စသည့်ပြတိုက်များက ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ဆုံးဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117