Myanmar
မြန်မာနိုင်ငံ၌ ၆ လတာကာလအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ် တရားခံ ၄,၃၇၃ ဦး ဖမ်းဆီးရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ ၆ လတာ ကာလအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ် တရားခံ ၄,၃၇၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

၆လတာကာလအတွင်း ဖမ်းဆီးရမိသော တရားခံအချို့နှင့် မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(ဓာတ်ပုံ-CCDAC MYANMAR)
အဆိုပါကာလအတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ကျပ်ငွေ ၇၈၁.၀၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၇၁.၉၁ သန်းကျော်) ဖမ်းဆီးရမိမှုနှင့်အတူ သံသယရှိသူများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ယင်း သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများတွင် ဘိန်းဖြူ ၁ ဒသမ ၁ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇ သန်းကျော်၊ အိုက်စ် ၁၄ ဒသမ ၆၆၅ တန်ကျော် အပါအဝင် ဖမ်းဆီးရမိမှု အမှုပေါင်း ၃,၂၇၂ မှုရှိခဲ့ကြောင်း သိရသည်။
အဆိုပါ သံသယရှိသူအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်။ (Xinhua)