Myanmar
မြန်မာနိုင်ငံ နေပြည်တော်တွင် ကမ္ဘာ့ရေနေ့အခမ်းအနား ကျင်းပ

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)
ကမ္ဘာ့ရေနေ့အခမ်းအနားများကို နိုင်ငံအသီးသီးတွင် နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း မတ်လ ၂၂ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကမ္ဘာ့ရေနေ့ကို ၁၉၉၂ ခုနှစ် ဒီဇင်ဘာလက ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံတွင် A/RES/47/193 ဆုံးဖြတ်ချက်အရ မတ်လ ၂၂ ရက်ကို ကမ္ဘာ့ရေနေ့ (World Water Day) အဖြစ်သတ်မှတ်ခဲ့ပြီး ၁၉၉၃ ခုနှစ် မတ်လ ၂၂ ရက်တွင် ကမ္ဘာ့ရေနေ့ အခမ်းအနားကို စတင်ကျင်းပခဲ့ကာ နိုင်ငံအသီးသီး၌ နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ကြသည်။
ကုလသမဂ္ဂက ကမ္ဘာ့ရေနေ့အတွက် ဆောင်ပုဒ်ကို နှစ်စဉ်ရွေးချယ်ကာဆော်သြပေးခဲ့ကြပြီး ယခုနှစ် ကမ္ဘာ့ရေနေ့၏ ဆောင်ပုဒ်မှာ “ငြိမ်းချမ်းသာယာဝပြောရေး ရေကဏ္ဍ မြှင့်တင်ပေး “ “Water for Peace” ဖြစ်ပါသည်။(Xinhua)

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်း ညနေချိန်ရေခပ်နေကြသူများကို မတ်လ ၂၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)