Connect with us

Myanmar

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောမြို့တွင် WY စာတန်းပါ စိတ်ကြွဆေးပြား ၇၅၀,၀၀၀ ဖမ်းမိ

ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများ အားတွေ့ရစဉ်(ဓာတ်ပုံ -CCDAC Myanmar)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောမြို့တွင် WY စာတန်းပါ စိတ်ကြွဆေးပြား ၇၅၀,၀၀၀ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (မေ ၂၉ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့ ဝိမလရပ်ကွက်ရှိ နေအိမ်တစ်အိမ်အား သတင်းအရ မေ ၂၇ ရက် နံနက်ပိုင်းတွင် လုံခြုံ ရေး တပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း ပလတ်စတစ်ပုံး(အနီရောင်) နှစ်ပုံးဖြင့်ထည့်ထားသည့် စက္ကူထုပ် ၇၇ တောင့်တွင် WY စာတန်းပါ စိတ်ကြွဆေးပြား ၇၅၀,၀၀၀ ပြား (တန်ဖိုးငွေ ၁ ဒသမ ၅ ဘီလီယံ ကျပ်)နှင့်အတူ ဖမ်းဆီးရမိခဲကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ အမျိုးသားတစ်ဦးအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နှင့် ဆက်စပ်တရားခံများအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.