Connect with us

Myanmar

မြန်မာနိုင်ငံ ပြင်ဦးလွင်မြို့နယ်၌ ကျပ် ၁၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈၅ သိန်းကျော် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေး၀ါးများအား တွေ့ရစဥ် (ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကျပ် ၁၂ ဘီလီယံကျော်တန်ဖိုးရှိသော စိတ်ကြွဆေးပြား ၈၅ သိန်းကျော်ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ကထုတ်ပြန်ထားသော သတင်းအရ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၉ ရက် နံနက် ၈ နာရီအချိန် ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာအနီးတွင် ALPHARD မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၂၃ ဒသမ ၉ သိန်းအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ပြင်ဦးလွင်မြို့နယ်၊ ခြေမြစ်ပင်ကျေးရွာအနီးခြုံအတွင်းမှ ဆာလာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြား ၆၂ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းစိတ်ကြွဆေးပြား ၈၅ ဒသမ ၉ သိန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၁၂ ဒသမ ၈၈၅ ဘီလီယံ) အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ အဆိုပါ ဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများသည် ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117