Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတစ်ဝန်းတွင် ၄ လအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၇၉၁ ဦးသေဆုံးပြီး ၂,၂၄၄ ဦး ဒဏ်ရာရရှိ

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆဖြစ်ပွါးမှုအား တွေ့ရစဉ် (ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့)

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယခုနှစ် ပထမသုံးလပတ်အတွင်း ယာဉ်မတော်တဆမှု ၁,၄၉၁ မှု ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၇၉၁ ဦး သေဆုံးကာ ၂,၂၄၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (RTAD) ထံမှ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ရန်ကုန်တိုင်း ဒေသကြီးတွင် ယာဉ်မတော်တဆမှု ၂၈၇ မှုအများဆုံးဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီးတွင် ယာဉ်တိုက်မှု ၂၄၆ မှုနှင့် ပဲခူးတိုင်း ဒေသကြီးတွင် ၂၀၈ မှု ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင် လေးလတာကာလအတွင်း ယာဉ်မတော်တဆမှု ၄၆ မှု ဖြစ်ပွားခဲ့ပြီး လူ ၃၅ ဦး သေဆုံးကာ ၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု စုစုပေါင်း ၄,၇၇၂ မှု ဖြစ်ပွားခဲ့ပြီး ၂,၄၂၂ ဦး သေဆုံးကာ ၆,၅၈၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ( Xinhua)
#မြန်မာနိုင်ငံ #ယာဉ်မတော်တဆမှု #ပထမသုံးလပတ် #ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန #RTAD #ရန်ကုန်တိုင်းဒေသကြီး #ဧရာဝတီတိုင်းဒေသကြီး #နေပြည်တော် #ပဲခူးတိုင်းဒေသကြီး

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.