Connect with us

Myanmar

မြန်မာနိုင်ငံ အားကစားသမား ၆,၅၀၀ ခန့် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာတွင် နေပြည်တော်၌ ကျင်းပမည်

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ် အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)
အားကစားသမား ၆,၅၀၀ ခန့်ပါဝင်ယှဉ်ပြိုင်မည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီပထမအကြိမ် အစည်းအဝေးထံမှ သိရသည်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ် အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ-MOI)

အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အားကစားပြိုင်ပွဲများဖြင့် အပိုင်း နှစ်ပိုင်း ဆောင်ရွက်သွားရန် စီမံထားကြောင်း၊ ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲတွင် အားကစားနည်း ၆ နည်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် အားကစားနည်း ၂၃ နည်းဖြင့် ခန့်မှန်းအားကစားသမား စုစုပေါင်း ၆,၅၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ရန် လျာထား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
အဆိုပါအားကစားပွဲတော်သည် စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပခဲ့သည့် (၁၀) နှစ်နီးပါးကြာမှ ပြန်လည်ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ဖြစ်ကြောင်းသိရသည်။
အမျိုးသားအားကစားပွဲတော် ကျင်းပရသည့် ရည်ရွယ်ချက်မှာ ပထမ အချက်အနေဖြင့် နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေ ရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် ဒုတိယ အချက်မှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် “မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အားကစားအဆင့်အတန်းမြင့်ရေးနှင့် အောင်မြင်မှုရှိစွာ ယှဉ်ပြိုင်နိုင်ရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုး ဆက်သစ်အားကစားသမားများ ပေါ်ထွက် လာစေရေး၊ ပြည်နယ်/တိုင်းဒေသကြီးများနှင့် ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရေးနှင့် ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမို စိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရေးဆိုသည့် ဦးတည်ချက်များနှင့် ကျင်းပ သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117