Connect with us

Myanmar

မြန်မာနိုင်ငံ နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၁,၁၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ်(ဓာတ်ပုံ-CCDAC Myanmar)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၁၁၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMARမှ ယနေ့ (မေ ၃ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနိုင်ငံ နောင်ချိုမြို့နယ်၊ ဒုဋ္ဌဝတီတံတားအနီးတွင် မေလ ၂ ရက်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် TOYOTA LANDCRUISER အမျိုးအစား မော်တော်ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄,၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၁,၇၀) နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အတူ ဖမ်းဆီးမိသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးအား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)