Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၌ ဧပြီလအတွင်း အပူဒဏ်ကြောင့် လူ ၅၀ ကျော်သေဆုံး

မြန်မာနိုင်ငံ ရန်ကုန်မြို့ ပူပြင်းလှသော နေရောင်အောက် လှုပ်ရှားသွားလာနေသူများကို ၂၀၂၄ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၌ ဧပြီလအတွင်း အပူဒဏ်ကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း မဏီစလေ လူမူ့ကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောသည်။

အဆိုပါ သေဆုံးသူများထဲတွင် နဂို နာတာရှည်ရောဂါအခံရှိသူ ၃၀ ဦးခန့်ပါဝင်ပြီး သေဆုံးသူ အများစုသည်
အသက် ၅၀ မှ ၉၀ အတွင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ဧပြီလအတွင်း အပူလျှပ်ခြင်းဖြစ်စဉ်များ သိသိသာသာ မြင့်တက်ခဲ့သည်။

မတ်လအတွင်း အပူနှင့်ဆက်စပ်သော ဖျားနာမှုများကြောင့် ဆေးရုံတက်ရသူဦးရေမှာ ရှစ်ဦးသာရှိသော်လည်း ဧပြီလတွင်မူ အရေအတွက် ၅၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဆေးရုံမပို့ဆောင်မီ အပူချိန်တိုင်းတာခြင်းနှင့် အပူဒဏ်ကို လျော့ပါးစေရန် ရေခဲအိတ်များ အသုံးပြုခြင်းကဲ့သို့သော ကနဦး ရှေးဦးသူနာပြုအစီအမံများကို စီမံဆောင်ရွက်ထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဧပြီလ ၂၈ ရက်တွင် မန္တလေးမြို့သည် အပူချိန် ၄၄ ဒသမ ၈ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့ပြီး ၇၇ နှစ်အတွင်း ဧပြီလ၏ အပူဆုံးနေ့ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မုတ်သုံမတိုင်မီ အပူချိန်များ မြင့်တက်နေသဖြင့် ဧပြီလနှင့် မေလတို့သည် အပူဆုံးလများဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117