Connect with us

Myanmar

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ငွေကျပ် ၂ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလိုဂရမ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော ဘိန်းဖြူများ အားတွေ့ရစဉ်( ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ငွေကျပ် ၂ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလိုဂရမ် ဖမ်းဆီးရမိကြောင်း CCDAC MYANMAR က ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၃၁ ရက်နေ့ ညနေ ၅ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကွန်ပျူတာတက္ကသိုလ်ရှေ့၊ ကလေး – ကလေးဝသွားကားလမ်းတွင် MITSUBISHI FUSO ၆ ဘီး Container Box မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၅,၅၀၀ ခွက်ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလို ဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း၊ သိမ်းဆည်းရမိ ဘိန်းဖြူများ တာဝန်ခံသယ်ဆောင်သူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ဆက်စပ်တရားခံများကို ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.