မုံရွာ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့)တွင် ကျင်းပသည့် မုံရွာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားအား ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။ (Xinhua)
မုံရွာ ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကျောက်ကာလမ်းက သနပ်ခါးဈေးတန်း မြင်ကွင်း ဖြစ်ပါသည်။ ချင်းတွင်းမြစ်အနောက်ဖက် ယင်းမာပင်နယ် ၊ ဘန့်ဘွေးဒေသထွက် သနပ်ခါးများကို ဈေးကွက်တင် ရောင်းချနေကြခြင်း ဖြစ်သည်ဟု သိရပါသည်။ (Xinhua)
ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ပန်းဆက်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်းရေယာဉ်တစ်စီးနစ်မြုပ်ပြီး ရေယာဉ်ပေါ်ပါ လူ ၁၂ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (စက်တင်ဘာ ၂၀ ရက်) တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။ အဆိုပါ နစ်မြုပ်သွားသော...
ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၂ဝပြည့်နှစ်အတွင်း မီးလောင်မှုကြောင့် ကျပ် ၇၅၅သန်းကျော် ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထွဋ်ဦး က ပြောကြားသည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ကျပ်သန်းပေါင်း ၄၀,၀၀၀ကျော်သုံးစွဲပြီး အဓိက တံတားကြီး ၄စင်း တည်ဆောက်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးထံမှ သိရသည်။
စစ်ကိုင်း၊ မေ ၁၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်ရုံ/အလုပ်ရုံ ၂၀၀၀ကျော်ရှိရာမှ မေလ ၁၅ ရက်နေ့အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊အလုပ်ရုံ ၄၀၀နီးပါးကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၏ ဝန်ကြီး ဦးမိုးကျော်သူက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း COVID-19ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် စက်ရုံ၊ အလုပ်ရုံများအားယာယီပိတ်သိမ်းခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊အလုပ်ရုံများအား ဧပြီ ၂၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ရာ လက်ရှိ သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ရုံ ၅၃ ရုံ ပြန်လည်ဖွင့်လှစ်ခွင့်ရနေပြီဖြစ်ကြောင်း...
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် အောက်တိုဘာ ၃၀ ရက် ည ၁၁ နာရီခွဲအချိန်က ကျောက်မီးသွေးမိုင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်ဒေသကြီး မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက် (၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၂၂.၇၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၇)ဒီဂရီ၊ အနက်(၈၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ)တာစကေး (၄.၁)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။