Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ယာဉ်တိုက်မှုကြောင့် လူ ၆ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိ

ယခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း ယာဉ်မတော်တဆ ဖြစ်ပွါးမှုများအား တွေ့ရစဉ်(ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပန်ကွဲတောင်အဆင်းတွင် ယနေ့( ဇူလိုင် ၁၅ ရက်) နံနက် ၈နာ ရီ ၃၀ ခန့်က ယာဉ်နှစ်စီးတိုက်မိပြီး လူ ၆ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
တာချီလိတ်မြို့ဘက်မှ မောင်းနှင်လာသည့် (၁၂) ဘီး ကုန်တင်ယာဥ်နှင့် ကျိုင်းတုံမြို့ဘက်မှ မောင်းနှင်လာသည့် Toyota Succeed တို့ ယာဉ်တိုက်မှုဖြစ်ပွါးခဲ့ကာ Toyota Succeed မော်တော်ယာဉ်မှာ မီးလောင်ပျက်စီးခဲ့ပြီး
အဆိုပါ ယာဉ်ပေါ်ပါ အမျိုးသား (၄) ဦး နှင့် အမျိုးသမီး (၂) ဦး စုစု‌ပေါင်း (၆) ဦး သေဆုံးခဲ့ကြောင်း၊ ကုန်တင်ယာဥ်မှ ယာဥ်မောင်းအပါအဝင် (၂) ဦးသည်လည်း စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲအရာရှိထံမှ သိရသည်။
“ Toyota Succeed က ယာဉ်တိုက်မှုဖြစ်ဖြစ်ချင်း မီးထလောင်သွားတော့ အနားကပ်ပြီး ကယ်ထုတ်ချိန်မရခဲ့ဘူး၊ အိမ်စီးကားပေါ်ပါ လူအကုန် အခင်းဖြစ်တဲ့နေရာတင် သေတယ်၊ ကလေးလေး ၂ယောက်ပါတယ် ၊ ဒီဘက် ကုန်ကားပေါ်က ကျား ၂ဦးလည်း ဒဏ်ရာပြင်းထန်တယ်၊ အဲဒီ ပန်ကွဲတောင်အဆင်းမှာ မကြာမကြာ ယာဉ်တိုက်မှုဖြစ်လို့ သတိထား မောင်းစေချင်တယ်” ဟု ရဲအရာရှိက ပြောသည်။
အဆိုပါ ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့် လူမှုကူညီရေးအသင်းတို့မှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.