Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတွင် ရေကြီးမှုကြောင့် လူပေါင်း ၂၀၉,၀၀၀ ကျော် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုကြောင့် နေအိမ်များ ရေနစ်မြုပ်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယခုနှစ် ဇွန်လကုန်ပိုင်းမှ စတင်ကာ ရေကြီးရေလျှံမှုများကြောင့် အိမ်ထောင်စု ၅၀,၀၀၀ ကျော်မှ လူဦးရေ ၂၀၉,၀၀၀ ကျော် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီ၊ မကွေး၊ မန္တလေး၊ မွန်၊ ရန်ကုန်နှင့် ဧရာဝတီ စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများ ကြုံတွေ့နေရကြောင်း သိရသည်။

အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေဘေးသင့်သူများအတွက် ကယ်ဆယ်ရေးစခန်း စုစုပေါင်း ၆၅၆ ခု ဖွင့်လှစ်ထားပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ သောက်ရေနှင့် ကယ်ဆယ်ရေးပစ္စည်းများကိုလည်း ထောက်ပံ့ပေးထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးရှိမြို့အချို့က မြစ်ကြီးများ၏ ယနေ့ရေမျက်နှာပြင်အခြေအနေသည် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.