Connect with us

Myanmar

မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ သက်တမ်း တိုးမြှင့်သတ်မှတ်

ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) က နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆လ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ယနေ့ ( ဇူလိုင် ၃၁ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်တွင် ဇူလိုင် ၃၁ ရက်၌ ကျင်းပသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအားလုံးက အရေးပေါ်အခြေအနေကြေညာထားသည့်ကာလ သက်တမ်းတိုးခြင်းကို သဘောတူညီခဲ့ကြကြောင်း၊ ယင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ နှင့်အညီ သက်တမ်းတိုးမြှင့်သတ်မှတ်ခြင်းဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။
အဆိုပါ အစည်းအဝေးတွင် ရွေးကောက်ပွဲပြင်ဆင်မှုအခြေအနေများ၊ လက်ရှိနိုင်ငံအတွင်း ဆောင်ရွက်နေမှုလုပ်ငန်းစဉ်များ၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အခြေအနေများ၊ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးကဏ္ဍ စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၌ အရေးပေါ်အခြေအနေကာလ တစ်နှစ်ကြေညာခဲ့ပြီးနောက် ယခုနှစ် ဇူလိုင် ၃၁ ရက်မတိုင်မီအထိ ခြောက်လသက်တမ်းကို ငါးကြိမ်မြောက်အဖြစ် သက်တမ်းတိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117