Connect with us

Myanmar

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးအတွင်း ဘဏ်မှငွေများလုယူသူ ၅ ဦးကို ဖမ်းဆီးရမိ

သုံးဆယ်မြို့အတွင်းရှိ ဘဏ်မှ ထုတ်လာသော ငွေများကို လုယက်သည့် အဖွဲ့အား တွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး သုံးဆယ်မြို့ရှိ ကမ္ဘောဇဘဏ်မှ ငွေများ လုယူသွားသူ ၅ ဦးကို တစ်နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ ( ဩဂုတ် ၁ ရက်) နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

သုံးဆယ်မြို့တွင် ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦးမှ ဘဏ်မှထုတ်ယူသွားသော ငွေကျပ် သန်း ၂၀ (အမေရိကန်ဒေါ်လာ ၉,၅၂၃ ခန့်) ကို ဆိုင်ကယ်ပေါ်တင်၍ အသုပ်ဆိုင်တွင် အသုပ်စားနေစဉ် အမျိုးသား ၅ ဦးအဖွဲ့ ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာကာ အဆိုပါ ငွေများကို လုယူသွားခဲ့ကြောင်း သိရသည်။

အဆိုပါ လုယူသွားသူ ၅ ဦးကို လက်ပံတန်းမြို့နယ်တွင် အခင်းဖြစ်ပွါးသည့် နေ့၌ပင် ဖမ်းမိခဲ့ပြီး သုံးဆယ်မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ (Xinhua)