Connect with us

Myanmar

၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

–နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ဒေသခံပြည်သူအချို့သေဆုံး၊ ပျောက်ဆုံးခြင်းများဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်အပါအဝင် အခြေခံအဆောက်အအုံနှင့်လမ်းတံတားများ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်(၁၆/၀၉/၂၀၂၄ – MOI)
–နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၁) ကြိမ်မြောက် ပေကျင်းရှန်ကျန်းဖိုရမ် (11th Beijing Xiangshan Forum) သို့တက်ရောက်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ(၁၆/၀၉/၂၀၂၄ – MOI)
— ရထားများ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေး လမ်းနှင့် တံတားများ ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက် (၁၇/၀၉/၂၀၂၄ – MOI)
— ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး (၁၆/၀၉/၂၀၂၄ – MOI)
— တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့(၁၇/၀၉/၂၀၂၄ – MRTV)
–ရခိုင်ပြည်နယ်သည် အချိန်မရွေးသဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့်ဒေသတစ်ခုဖြစ်ခြင်းကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်သွားမည်(၁၇/၀၉/၂၀၂၄ – MRTV)
–နိုင်ငံကူးလက်မှတ်များလျှောက်ထားရာတွင် Online မှတစ်ဆင့် တိုက်ရိုက်လျှောက်ထားနိုင်ပြီး လိမ်လည်မှုများ ရှိနေသည့်အတွက် တိုင်ကြားနိုင်မည်(၁၇/၀၉/၂၀၂၄ – MRTV)
–သာစည်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ဧက (၃၃၀)ရှိသော နယ်မြေကို ရွှေနတ်တောင်ကြိုးပြင်ကာကွယ်တော အပိုင်း (၁)နှင့် (၂ )ကို ယခုလ( ၉)ရက်နေ့က သတ်မှတ်(၁၇/၀၉/၂၀၂၄ – MRTV)
–မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ရန်ကုန် -မန္တလေးလမ်းဟောင်း၊ မိုင်တိုင် (၂၄၅ -၂၄၆)ကြားတွင် တည်ရှိသည့် တံတားအမှတ်(၅/၂၄၅) နဝင်းချောင်းတံတားကို အချိန်နှင့်တစ်ပြေးညီ ပြန်လည်ပြင်ဆင်(၁၆/၀၉/၂၀၂၄ – MRTV)
–ရွှေနတ်တောင် ကြိုးပြင်ကာကွယ်တောနှင့် ဝမ်းတွင်းမြို့နယ် ရွှေဆံတော်ကြိုးပြင်ကာကွယ်တောအတွင်း သစ်စေ့မြေလုံးကြဲ(၁၇/၀၉/၂၀၂၄ – MDN)