Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပစ်ခတ်မှုကြောင့် လူ ၁၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိ

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရသော ကြွယ်ပုံကျေးရွာပြ မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ-MRTV)

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် လူ ၁၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (စက်တင်ဘာ ၁၈ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ကျေးရွာရှိ တောင်သူများသည် တောင်ယာလုပ်ကိုင်ရန် ကားဖြင့်သွားရောက်စဉ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရပြီး အမျိုးသမီး ၁၂ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများအား စစ်ကိုင်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ယင်း ကြွယ်ပုံကျေးရွာအား ၂၀၂၃ ခုနှစ် ဧပြီလကလည်း Drop Bomb များ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၈ ဦးသေဆုံးကာ ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ (Xinhua)