Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတစ်ဝန်း၌ ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ လူ ၃၀၀ နီးပါး ရှိလာ

ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ( ဓာတ်ပုံ- Information Team)

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတစ်ဝန်း၌ ရေကြီးရေလျှံမှုများကြောင့်သေဆုံးသူ လူ ၃၀၀ နီးပါး ရှိလာကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (စက်တင်ဘာ ၂၀ ရက်) က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၂၉၃ ဦးအထိ မြင့်တက်လာပြီး ၈၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေကြီးရေလျှံမှုကြောင့် စက်တင်ဘာ ၁၉ ရက်နံနက်ပိုင်းထိ ရေဘေးသင့် အိမ်ထောင်စု ၄၇,၀၁၉ စုမှ စုစုပေါင်း ရေဘေးသင့်သူ ၁၆၁,၅၉၂ ဦးရှိပြီး ကယ်ဆယ်ရေးစခန်း ၄၂၅ ခုတွင် ခိုလှုံလျက်ရှိကြောင်း သိရသည်။
ရေကြီးမှုကြောင့် ကောက်ပဲသီးနှံ ၇၆၆,၅၈၆ ဧက နစ်မြုပ်ခဲ့ပြီး တိရစ္ဆာန် ၁၂၉,၁၅၀ ကောင်လည်း သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၅၃ မြို့နယ် တို့တွင် အခြေခံအဆောက်အဦ၊ ကောက်ပဲသီးနှံနှင့် တိရိစ္ဆာန်များထိခိုက်ပျက်စီးမှု များအနေဖြင့် ရုံး/ဌာနအဆောက်အဦ၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အဦ၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များ ရေဝင်နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.