Connect with us

Education & Health

WHO က လှူဒါန်းသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး ၂.၄၅ သန်း doses မြန်မာနိုင်ငံသို့ ရောက်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က လှူဒါန်းသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine-OCV) ၂.၄၅ သန်း doses ရောက်ရှိလာကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (စက်တင်ဘာ ၂၀ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
ယင်း ကာကွယ်ဆေးသည် အမေရိကန်ဒေါ်လာ ၄.၀၅ သန်းတန်ဖိုးရှိပြီး စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်ထိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နှစ်သုတ်ခွဲ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးဝါးများကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူပြီး ဗဟိုကာကွယ်ဆေးအအေးခန်း (ရန်ကုန်) သို့ အအေးလမ်းကြောင်းမပြတ် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွါးခဲ့သော မြို့နယ်၊ ရပ်ကွက်များရှိ သက်ဆိုင်ရာ အသက်အရွယ်အုပ်စုများအား ကာကွယ်ဆေးများ တိုက်ကျွေးပေးမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇူလိုင် ၅ ရက်မှ စက်တင်ဘာ ၅ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့်လူ ၂ ဦး သေဆုံးကာ ၆၀၀ ကျော် ဆေးရုံတင်ထားရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117