Connect with us

Myanmar

၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

-ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ (၂၄/၉/၂၀၂၄ -MOI)

-ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆည်တာတမံများ သဘာဝဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ထားမှုများ (၂၄/၉/၂၀၂၄- MRTV)

-ဒုတိယဝန်ကြီး ဦးအေးကျော် ညောင်ရွှေမြို့နယ် အင်းလေးဒေသ၌ ရေကြီးရေလျှံမှုများကြောင့် နစ်မြုပ်ပျက်စီးခဲ့သည့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး (၂၄/၉/၂၀၂၄ -MOI)

-ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဝင်ငွေတိုးစီမံကိန်းဖြင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသားများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ် (၂၄/၉/၂၀၂၄ -MOI)

-ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ရွှေတောင်ခေါက်ဆွဲစက်ရုံ လည်ပတ်ထုတ်လုပ်နေမှု၊ မုဒုံကွင်းအတွင်း တောင်သူအသိပညာပေး ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ အချိုးကျရောစပ်ကြဲပက်ပွဲနှင့် ခါကာဘိုရာဇီ အုပ်ချုပ်ရေးမှူးရုံးအား ကြည့်ရှု (၂၄/၉/၂၀၂၄ -MRTV)
-ကိုဗစ် – ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၄၀ တွေ့ရှိ (၂၄/၉/၂၀၂၄ -MOI)

-ရေဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်/ စာရင်းကောက်သင်တန်း (၈) ရက်မြောက်နေ့အဖြစ် ဖွင့်လှစ်သင်ကြား (၂၄/၉/၂၀၂၄ -MOI)

-ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် (၂၆) မြို့နယ်တွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ စိန်ပန်း၊ မန်ဂျန်ရှား၊ ကုက္ကိုပင်စသော အပင်ပေါင်း (၉၃၄၀) ကို တစ်ကြိမ်တည်း တစ်ပြိုင်တည်း စုပေါင်းစိုက်ပျိုး (၂၄/၉/၂၀၂၄ -MRTV)

-၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၁၄၉)ဘဏ်တွင် Centralized e-Pension စနစ်ကို ဆောင်ရွက်နေပြီဖြစ်ပြီး ကျန်ရှိသည့် မြို့နယ် ဘဏ်ခွဲများတွင်လည်း ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် (၂၄/၉/၂၀၂၄ -MRTV)

-စိုက်ပျိုးရေးသုတေသန ဦးစီးဌာန စုဝေးခန်းမတွင် (၄၈) ကြိမ်မြောက် နည်းပညာဆွေးနွေးပွဲကို “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင် စိုက်ပျိုးရေးထုတ်ကုန် တန်ဖိုးကွင်းဆက်၏ အရေးပါမှု” ခေါင်းစဉ်ဖြင့် ကျင်းပ (၂၄/၉/၂၀၂၄ -MRTV)

-ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ဆောင်ရွက် (၂၄/၉/၂၀၂၄ -MRTV)