Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတစ်ဝန်း၌ ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၄၁၉ ဦးအထိရှိလာ

ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်း၌ ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၄၁၉ ဦးအထိရှိလာကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (စက်တင်ဘာ ၂၄ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၁ သိန်း ၄ သောင်းကျော် ရေဘေးဒုက္ခရောက်ခဲ့ပြီး ယနေ့ (စက်တင်ဘာ ၂၄ ရက်) နံနက်ပိုင်းအထိ စာရင်းများအရ ၄၁၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဘာသာရေးအဆောက်အအုံ ၂၅၃ ကျောင်းနှင့် လမ်းတံတား ၉၂၆ ခု ရေမျော ပျက်စီးခဲ့သည့်အပြင် လျှပ်စစ်မီးတိုင်များ၊ ဆက်သွယ်ရေးတာဝါတိုင်များလည်း များစွာပျက်စီးခဲ့
ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း ရေကြီးမှုကြောင့် တိရစ္ဆာန် ၁ သိန်းကျော် သေဆုံးခဲ့ပြီး စပါးစိုက်ဧက ၇ သိန်း ၅ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလီယံ ၃၀ သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အလှူရှင်များပေးအပ်သည့် အလှူငွေများကိုလည်း သဘာဝဘေးဒဏ်များ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ အမြန်ဆုံး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေဘေးသင့်ဒေသများ၌ ပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများကို အောက်တိုဘာလအတွင်း အမြန်ဆုံး ဖြစ်နိုင်သည့် နေရာမှန်သမျှ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်
ပညာရေးအဆောက်အဦများကိုလည်း အမြန်ဆုံးပြန်လည် ပြင်ဆင်တည် ဆောက်ပေးနေကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117