Myanmar
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးတွင် ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ
စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်းကျော်နှင့် ဘိန်းဖြူ ၂၉ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၄ ရက် ညနေ ၅ နာရီခွဲအချိန် သတင်းအရ ကလေးမြို့နယ်တွင် FORLAND အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ဒသမ ၂ သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများ၏ စစ်ဆေးဖော်ထုတ်ချက်အရ ဆက်စပ် တရားခံများနှင့် ဘိန်းဖြူ ၂၉ ဒသမ ၂၃ ကီလိုဂရမ် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်း ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ဒသမ ၂ သိန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၁၃ ဒသမ ၀၄ ဘီလီယံ) နှင့် ဘိန်းဖြူ ၂၉ ဒသမ ၂၃ ကီလိုဂရမ် (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၄၆၁၅ ဘီလီယံ) ၊ စုစုပေါင်း ၎င်းဒေသတန်ဖိုးငွေကျပ် ၁၄ ဒသမ ၅၀၁၅ ဘီလီယံအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
