Myanmar
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်
ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်ထားသည့် အာကာသပြတိုက် (ရန်ကုန်) တွင် ပြသထားသည့် ပြခန်းများ၏ မြင်ကွင်းများကို ဖော်ပြအပ်ပါသည်။
ပြတိုက်အတွင်း Deep Space Exploration ပြခန်း၊ Space Station ပြခန်းနှင့် အာကာသတွင်း စေလွှတ်ခဲ့သည့် ဒုံးပျံများ၊ အာကာသတွင် လှည့်ပတ်သွားလာလျက်ရှိသည့် ဂြိုဟ်တုများ၊ အာကာသတွင်း စူးစမ်းလေ့လာသည့် အာကာသယာဉ်နှင့် ယာဉ်မှူးများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများ အစရှိသည့် အာကာသဆိုင်ရာများအား ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)








