Myanmar
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၆ ရက် အတွက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မွေးကင်းစကလေး အသက်ကယ်ပြုစုစောင့်ရှောက်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက် (၆/၁/၂၀၂၅ -MOI)
-ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောအကဖြင့် ဆင်နွှဲနိုင်ရေး ရိုးရာအစဉ်အလာနှင့်အညီ မနောတိုင်စိုက်ထူ (၆/၁/၂၀၂၅ -MOI)
-ဇီဝနည်းပညာသုတေသနဦးစီးဌာန (ကျောက်ဆည်မြို့)တွင် ရွှေစိမ်း၊ ရွှေဆည်ရည်၊ ရွှေပိုးနှင် အပင်အားဖြည့် ဇီဝထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးပေး(၆/၁/၂၀၂၅ -MOI)
-တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြိတ်မြို့တွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် (၆/၁/၂၀၂၅ -MOI)
-ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာ၊ ငွေဆောင်နှင့်ရွှေသောင်ယံ ကမ်းခြေများတွင် ပြီးခဲ့သည့် နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားဝင်ရောက်မှုအနေဖြင့် စုစုပေါင်းခရီးသွား (၄၀,၀၀၀) ကျော်ဝင်ရောက်ခဲ့ (၆/၁/၂၀၂၅ -MRTV)
-ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောအကဖြင့် ဆင်နွှဲနိုင်ရေး ရိုးရာအစဉ်အလာနှင့်အညီ မနောတိုင်စိုက်ထူ (၆/၁/၂၀၂၅ -MRTV)
-၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၌ အစိုးရဓမ္မာစရိယစာမေးပွဲ အောင်မြင်သူများအား ဘွဲ့တံဆိပ်တော်များအပ်နှင်းမည့် မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမည် (၆/၁/၂၀၂၅ -MRTV)
-ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးရာသီစိုက်ပျိုးသည့် ဆီထွက်သီးနှံနေကြာ ရိတ်သိမ်းပြီးစီး ယခင်နှစ်ထက် သီးနှံအထွက်နှုန်းကောင်းမွန်ပြီး တစ်ဧကလျှင် (၁၉) တင်းကျော်ထွက်ရှိ (၆/၁/၂၀၂၅ -MRTV)
-မန်းရွှေစက်တော်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ဖေဖော်ဝါရီလ (၂) ရက်မှစ၍ (၇၅)ရက်တိုင်တိုင် ကျင်းပသွားမည် (၆/၁/၂၀၂၅ -MRTV)