Myanmar
၂၀၂၅ ခုနှစ် မတ် ၁၈ ရက်အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-ဆိုလာစနစ်ရေတင်စီမံကိန်း ၅၉ ခုအနက် တစ်နှစ်ခန့်အတွင်း ပြီးစီးနိုင်မည့်စီမံကိန်း (၃)ခုအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် GRF ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိ (၁၈/၃/၂၀၂၅-MRTV)
-ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်-ရှောပြာ-ချောင်းသာလမ်းများကို ဘဏ္ဍာနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ (၁၈/၃/၂၀၂၅-MRTV)
-စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းများ၏ စတင်ကြောင်း အသိပေးကြေညာခြင်း အခမ်းအနားသို့ တက်ရောက် (၁၈/၃/၂၀၂၅-MRTV)
-မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နွေရာသီအခြေခံ ဘောလုံးနှင့် ဖူဆယ်သင်တန်း ဖွင့်ပွဲကျင်းပ (၁၈/၃/၂၀၂၅-MRTV)
-အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၄၀၀ ဦးနှင့် သီရိလင်္ကာနိုင်ငံသား ၁၄ ဦး၊ စုစုပေါင်း ၄၁၄ ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၆၆ ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ (၁၇/၃/၂၀၂၅-MOI)
-ငပုတောမြို့နယ်အတွင်း ရေကျချိန်မှသာ မြင်တွေ့နိုင်သည့် ရေညှိစိမ်းပြင်ကြီးများဖြင့် လှပသော ကျောက်ကလပ်ကမ်းခြေသို့ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ
(၁၈/၃/၂၀၂၅-MRTV)
-ရွှေစာရံ၏သင်္ကေတဖြစ်သည့် ထန်းရွက်ပုတီး၊ ထန်းရွက်ငါးနှင့် ထန်းရွက်တံခွန်လုံးများအား မြန်မာမှု လက်မှုအနုပညာပစ္စည်းများအဖြစ် လက်ဆင့်ကမ်း ပြုလုပ်ရောင်းချပေးလျက်ရှိ (၁၈/၃/၂၀၂၅-MRTV)
-ရန်ကုန်တိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၃၇၄၆၈ ဦး လာရောက်ဖြေဆို (၁၈/၃/၂၀၂၅-မြန်မာ့အလင်း)
-ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စွမ်းရည်မြှင့်သင်တန်း တက်ရောက်ရန်နှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက် ရောက်ရှိနေသောဝန်ထမ်းသစ်များအား တွေ့ဆုံမှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေး (၁၈/၃/၂၀၂၅-မြန်မာ့အလင်း)
-“Red Lacewing” လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးအား ရောင်းချပေးသွားမည် (၁၈/၃/၂၀၂၅-MRTV)