Connect with us

Myanmar

မြန်မာနိုင်ငံတွင် နှစ် (၈၀) ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား ကျင်းပ

နေပြည်တော်၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား ကျင်းပစဥ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှု စတင်ခြင်း အထိမ်းအမှတ် နှစ် (၈၀) ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို မတ် ၂၇ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတာ၀န်ထိန်းသိမ်းပေးနေသည့် တပ်မတော်၏ ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် လာမည့် ဒီဇင်ဘာလအတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ တာဝန်ကို စတင်ထမ်းဆောင်ချိန်မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် လမ်းပြမြေပုံ နှင့် ဦးတတည်ချက်များကို ချမှတ်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဒေသအလိုက်လုံခြုံရေး အခြေအနေများကို အခြေခံ၍ ရွေးကောက်ပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.