Connect with us

Myanmar

မြန်မာနိုင်ငံ ညောင်တုန်းမြို့၌ အင်အား ၅.၁ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

ငလျင်လှုပ်ခတ်ရာပြ မြေပုံအား တွေ့ရစဥ်(ဓာတ်ပုံ- မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာတွင် ဗဟိုပြု၍ ယနေ့ (မတ် ၅ ရက်) ဒေသစံတော်ချိန် နံနက် ၄ နာရီ ၃၆ မိနစ်တွင် အင်အား ၅.၁ အဆင့်ရှိ ငလျင် တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (DMH) က ထုတ်ပြန်သောသတင်းအရ သိရသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်၊ မြန်မာစံတော်ချိန် (၀၄) နာရီ၊ (၃၆) မိနစ်၊ (၄၇) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၃၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ညောင်တုန်းမြို့၏ အရှေ့တောင်ဘက် (၆) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၉၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၆) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားမှုအား တိုင်းထွာရခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတ်လ ၃ ရက် အစောပိုင်းကလည်း ရန်ကုန်မြို့တွင် ပြင်းအား ၄.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ (Xinhua)