Connect with us

Myanmar

၂၀၂၅ ခုနှစ် မတ် ၇ ရက်အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ-ဘီလာရုစ်စီးပွားရေးဖိုရမ်သို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြား (၇/၃/၂၀၂၄-MRTV)

-မဲခေါင်-လန်ချန်း စီမံကိန်း အထူးရန်ပုံငွေဖြင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ PV နည်းပညာ အဆင့်မြင့် သင်တန်းများ ဖွင့်လှစ်မည် (၇/၃/၂၀၂၄-MRTV)

-ခင်ဦးမြို့နယ်တွင် ဆောင်းသီးနှံကုလားပဲ ၂၄၈၄ ဧကထိ ရိတ်သိမ်းပြီးစီး၊ တစ်ဧကလျှင် ၂၄ ဒသမ ၀၅ တင်း ထွက်ရှိ (၇/၃/၂၀၂၄-MRTV)

-ကန့်ဘလူမြို့အတွင်းရှိ MSMEs လုပ်ငန်းတစ်ခုဖြစ်သော မြေပဲဆီစက်မှ မြေပဲ တစ်တင်းလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် အရည်အသွေး ပြည့်မီသော မြေပဲဆီများ ကြိတ်ခွဲ ပေးလျက်ရှိ (၇/၃/၂၀၂၄-MRTV)

-ပူတာအိုဒေသရှိ ဖုန်ကန်ရာဇီနှင့် ဖုန်ရင်ရာဇီရေခဲတောင်များသို့ သွားရောက်သည့် အထက်ဆန်ဂေါင် – လုံနဒမ်း – ဇီးယာဒမ်း (ရေခဲတောင်သွားလမ်း) ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ (၇/၃/၂၀၂၄-MRTV)

-အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ် ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၄၅၆) ဦးနှင့် ထိုင်းနိုင်ငံသား (၂ ) ဦး ထပ်မံလွှဲပြောင်းပေးအပ် (၇/၃/၂၀၂၅-မြဝတီ)

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော မြန်မာ-ရုရှား စီးပွားရေးဖိုရမ်တွင် ဆွေးနွေးညှိနှိုင်းချက်အရ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကုမ္ပဏီများအကြား ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး (၆/၃/၂၀၂၄-MRTV)

-မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့နှင့်ပတ်သက်သော လှုပ်ရှားဆောင်ရွက်မှု အခမ်းအနား တက်ရောက် (၇/၃/၂၀၂၄-MOI)

-ပြည်တွင်းသံထည်ထုတ်ကုန်ပစ္စည်းများ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး (၇/၃/၂၀၂၄-မြန်မာ့အလင်း)

-တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ရန် သဘောတူစာချုပ်နှင့်သက်တမ်းတိုးသဘောတူစာချုပ်အား လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ တက်ရောက် (၇/၃/၂၀၂၄-MOI)