Connect with us

Myanmar

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် Miss Yangon 2025 ပြိုင်ပွဲကျင်းပ

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် Miss Yangon 2025 ပြိုင်ပွဲကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်၊မတ် ၇ ရက် (ဆင်ဟွာ)
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် Miss Yangon 2025 ပြိုင်ပွဲကို မတ်လ (၇)ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း အဆိုပါ ပြိုင်ပွဲကျင်းပရေးစီစဉ်သူထံမှ စုံစမ်းသိရှိရသည်။
အဆိုပါပြိုင်ပွဲကို အမျိုးသမီးရေးရာကော်မတီမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များနှင့် အဖွဲ့အစည်းအသီးသီးမှ ပြိုင်ပွဲဝင် ၄၀ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
ထူးချွန်သော အလှမယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးဌေးလင်းက ဆင်ဟွာသို့ ပြောကြားသည်။
“အမျိုးသမီးတွေက လူ့အဖွဲ့အစည်းမှာ အရေးကြီးတယ်၊ လူသားမျိုးနွယ်ကို ဆက်လက်ထိန်းသိမ်းရန် တာဝန်ရှိသော မိခင်များအဖြစ် အရေးကြီးသော အခန်းကဏ္ဍတွေမှာ ပါရှိတယ် “ ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်ခင်မာလာအောင်က
” အမျိုးသမီးတွေရဲ့အခွင့်အလမ်းကို မီးမောင်းထိုးပြခွင့်ရတဲ့အတွက် သိပ်ဂုဏ်ယူတယ်။ အဖွဲ့ချုပ်အနေနဲ့ အမျိုးသမီးတွေရဲ့ အရည်အချင်းကို မြှင့်တင်ပေးလိုတယ်” ဟု ပြောသည်။
ယခုနှစ် မတ်လ ၈ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်မှာ “ကျားမတန်းတူညီမျှမှုကို အရှိန်မြှင့်လုပ်ဆောင်ရန်”ဖြစ်သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117