Environment, Disasters & Accidents
မြန်မာနိုင်ငံ မန္တလေးမြို့တွင် music bar မီးလောင်မှုကြောင့် အမျိုးသမီး ၄ ဦး သေဆုံး

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးမြို့ ချမ်းအေးသာဇံမြို့ရှိ music bar ဆိုင်တစ်ဆိုင်တွင် ယနေ့(မေ ၂၈ ရက်) က မီးလောင်မှုဖြစ်ပွါးပြီး ဆိုင်ဝန်ထမ်း အမျိုးသမီး ၄ ဦး သေဆုံးခဲ့ကြောင်း ချမ်းအေးသာဇံမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ်တွင် ယနေ့ (မေ ၂၈ ရက်) ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၈ မိနစ်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း ချမ်းအေးသာဇံမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။
လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ ထိုကဲ့သို့ မီးလောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)