Connect with us

Economy

မြန်မာနိုင်ငံတွင် ငါးသယံဇာတများ မြှင့်တင်နိုင်ရန် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ငါးသားပေါက်အကောင် သိန်း ၃၈၀ ကျော် မျိုးစိုက်ထည့်မည်

စစ်တောင်းမြစ်အတွင်းသို့ ငါးသားပေါက်များ ထည့်သွင်းစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၂၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ငါးသယံဇာတများ မြှင့်တင်နိုင်ရန် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ငါးသားပေါက်အကောင် သိန်း ၃၈၀ ကျော် မျိုးစိုက်ထည့်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာကထုတ်ပြန်သောသတင်းအရ သိရသည်။

အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့် စစ်တောင်း စသည့် မြစ်ကြီးများတွင် အဓိက ထည့်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ အခြားသော မြစ်၊ ချောင်း၊ အင်းအိုင်နှင့် သဘာ၀ရေကန်များတွင်လည်း ထည့်မည်ဖြစ်ကြောင်း သိရသည်။

ယင်း မျိုးစိုက်ထည့်မည့် ငါးအမျိုးအစားများမှာ ငါးမြစ်ချင်း၊ ရွှေ၀ါငါးကြင်းနှင့် ငါးခုံးမငါးများဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ထိုသို့ဆောင်ရွက်ရခြင်းသည် တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်လာနိုင်ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစု၀င်ငွေပိုမိုရရှိစေသည့်အပြင် နိုင်ငံတော်အတွက်လည်း နိုင်ငံခြား၀င်ငွေရရှိရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေကြောင်း သိရသည်။

ငါးမွေးမြူရေးအစီအစဉ်အပြင် ငါးမွေးမြူရေးလုပ်ငန်းဦးစီးဌာနမှ ဒေသခံတောင်သူများနှင့် ငါးသားဖောက်လုပ်ငန်းကို စိတ်ပါဝင်စားသော တောင်သူလယ်သမားများအား အခြေခံငါးမွေးမြူရေးသင်တန်းများ ပို့ချပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117