Connect with us

Culture & Entertainment

မြန်မာနိုင်ငံရှိ ကျိုက်ထီးရိုးစေတီသို့ ၇ လကျော်အတွင်း ခရီးသွားဧည့်သည် ၁.၁၇ သန်းကျော် ၀င်ရောက်

ကျိုက်ထီးရိုးစေတီတော်ကြီးအား တွေ့ရစဥ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ကျိုက်ထီးရိုးစေတီသို့ ယခင်နှစ် အောက်တိုဘာလမှ ယခုနှစ် မေလ ၁၉ ရက်အထိ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ပေါင်း ၁ ဒသမ ၁၇ သန်းကျော် လာရောက်လည်ပတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ၏ မေ ၂၈ ရက်က ထုတ်ပြန်သောသတင်းအရ သိရသည်။

ယင်းကာလအတွင်း နိုင်ငံတကာမှ လာရောက် လည်ပတ်သူဦးရေ ၂၄,၀၀၀ ကျော်ရှိပြီး အများစုမှာ ထိုင်းနိုင်ငံမှ လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ပိုမိုများပြားလာကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ မွန်ပြည်နယ်ရှိ ထင်ရှားကျော်ကြားသော ဗုဒ္ဓဘာသာဘုရားဖူးနေရာဖြစ်သည့် ကျိုက်ထီးရိုးစေတီသည် မြန်မာနိုင်ငံ၏အစည်ကားဆုံး ခရီးသွားနေရာများထဲမှ တစ်ခုဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.