Connect with us

Myanmar

၂၀၂၅ ခုနှစ် ဩဂုတ် ၁၈ ရက် အတွက် မြန်မာနိုင်ငံပြည်တွင်းသတင်းကောက်နုတ်ချက်

-လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ ကျင်းပမည့် အပိုင်းလိုက်နေ့ရက်များကို သတ်မှတ်ကြေညာခြင်း (၁၈/၈/၂၀၂၅-MRTV)

-အရည်အသွေး ပြောင်းလဲပြုပြင်စမ်းသပ်ထုတ်လုပ်သည့် အင်ဂျင်ပါဝါသုံး (၈)တန်းသွားလူထိုင်စီး ကောက်စိုက်စက်အား မြန်မာ့လယ်ယာသုံးပစ္စည်းကိရိယာစက်ရုံ (အင်းကုန်း) က ထုတ်လုပ် (၁၈/၈/၂၀၂၅-MRTV)

-မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် ၂၀၂၅ ကို ရန်ကုန်မြို့တွင် ဩဂုတ်လ (၃၀)ရက်နေ့မှ စက်တင်ဘာလ (၁)ရက်နေ့ အထိ (၃)ရက်ကြာ ကျင်းပသွားမည် (၁၈/၈/၂၀၂၅-MRTV)

-နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဟိုတယ်များ (၄၂)ရာခိုင်နှုန်းကျော် ပြန်လည် ဖွင့်လှစ်နေပြီဖြစ် (၁၈/၈/၂၀၂၅-MRTV)

-၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအား နိုင်ငံတော်က ဂုဏ်ပြုငွေ ဒေါ်လာ ၃၀၀၀၀ ချီးမြှင့်(၁၇/၈/၂၀၂၅-မြန်မာ့အလင်း)

-ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံဘော်လီဘောဒိုင်လူကြီးသင်တန်းဆင်းပွဲနှင့် (၁၀) နှစ်ပြည့်အထိမ်းအမှတ် MLWC မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက် (၁၈/၈/၂၀၂၅-မြန်မာ့အလင်း)
-တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါး (၂၆,၀၁၆)ဧက လျာထားဆောင်ရွက်ခဲ့ရာ ယခုအခါ (၂၄,၇၁၆)ဧကကျော် စိုက်ပျိုးပြီးစီး (၁၈/၈/၂၀၂၅-MRTV)

-မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ရောဂါ အထူးကုဆေးရုံကြီးအတွင်းရှိ ခွဲစိတ်ဆောင်ပြင်ဆင်မှု ရာနှုန်းပြည့်ပြီးစီးပါက ပြန်လည်လက်ခံကုသပေးတော့မည် (၁၈/၈/၂၀၂၅-MRTV)

-မြိတ်ခရိုင်၊ ပလောက်မြို့၌ မိုးစပါး ဧက (၁၂,၀၀၀) ကျော် စိုက်ပျိုးပြီးစီး (၁၈/၈/၂၀၂၅-MRTV)

-ပခုက္ကူမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုနည်း သရုပ်ပြပွဲ ပြုလုပ် (၁၈/၈/၂၀၂၅-MRTV)