Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ မွန်ပြည်နယ်တွင် ဘုန်းကြီးကျောင်းနံရံပြိုကျမှုကြောင့် ကလေး ၃ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရ

ဘုန်းကြီးကျောင်းနံရံပြိုကျမှုကြောင့် ကလေးငယ်များ ထိခိုက်မှုအား ကယ်ဆယ်ရေး ဆောင်ရွက်စဉ် (ဓာတ်ပုံ- နှစ်ကရင်လူမှုကယ်ဆယ်ရေးအသင်း)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မွန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဘုန်းကြီးကျောင်းနံရံပြိုကျမှုကြောင့် ကျောင်းသား ၃ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောသည်။
မွန်ပြည်နယ် ရေးခရိုင် လမိုင်းမြို့နယ် ကုန်းဘောင်သစ်ကျေးရွာတွင် စက်တင်ဘာ ၂၄ ရက် ညနေ ၃ နာရီခန့်က မိုးသည်းထန်စွာရွာနေချိန် ဘုန်းကြီးကျောင်းအုတ်နံရံပြိုကျမှုဖြစ်ပွားခဲ့ကြောင်း၊ ယင်း အုတ်နံရံအနီးတွင် ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအား ကြည့်ရှုနေသည့် ကလေးငယ်များ ထိခိုက်သေဆုံး ခဲ့ကြောင်း ၎င်းကဆိုသည်။
အဆိုပါဘုန်းကြီးကျောင်းအုတ်နံရံပြိုကျမှုကြောင့် ကလေးနှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကလေးတစ်ဦးငယ်တစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူများမှာ အသက် ၁၂ နှစ်မှ ၁၃ နှစ်ကြား ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသည့် ကလေးငယ် ၄ ဦးကို ရေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေပြီး ကလေးငယ် ၂ ဦး မှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ (Xinhua)