Connect with us

Myanmar

Pride Glory Honor မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး စက်တင်ဘာလ ၂၈ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကိုတစ်ပွဲဖြစ်သည့် Pride Glory Honor မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကို စက်တင်ဘာလ (၂၈)ရက်၊ နေ့လယ် ၁ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးကျော်ဇင်ဦးက ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၂၅ ရက်တွင် ပြောသည်။
“အဓိကကတော့ မြန်မာ့ရိုးရာလက်ဝှေ့ပွဲကောင်းတွေက ပရိသတ်နဲ့ဝေးနေတဲ့အတွက် ပွဲကောင်းတွေကြည့်ရအောင် စီစဉ်တာပါ။ တွဲဆိုင်းက ၁၀ ဆိုင်းပါဝင် ကျင်းပမှာပါ။ ပထမဆုံးအတွဲက ရာမာန်နဲ့ အောင်ခိုင်တို့ အတွဲပါ” ဟု ဦးကျော်ဇင်ဦးက ပြောသည်။
အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးတွင် လေးချီ စိန်ခေါ်ပွဲ၊ ငါးချီစိန်ခေါ်ပွဲ စသဖြင့် ပါဝင်မည်ဖြစ်ပြီး ရွှေခါးပတ်ချန်ပီယံများကို အလဲထိုး အနိုင်ယူထားသော ကစားသမားတွေလည်း ပါဝင်ထိုးသတ်ကြမည် ဖြစ်ကြောင်း သိရသည်။
“ဒုတိယကတော့ ထွန်းမင်းနိုင်နဲ့ စောထူးအောင်ပွဲ လည်းပါတယ်။ မိန်းကလေး ၂ ဆိုင်းမှာဆိုရင်လည်း Sea Games လက်ရွေးစင်တို့လို တွဲဆိုင်းကောင်းတွေပါဝင် ထိုးသတ် ယှဉ်ပြိုင်ကြမှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
သိမ်ဖြူကွင်းတွင် လာရောက်ကြည့်ရှုမည့် ပရိသတ်များအနေဖြင့် ပွဲလက်မှတ်ဈေးနှုန်းများမှာ ၁၀,၀၀၀ ကျပ်၊ ၂၀,၀၀၀ ကျပ်၊ ၃၀,၀၀၀ ကျပ်၊ ၅၀,၀၀၀ ကျပ် တို့ဖြစ်ကြောင်း သိရသည်။
“ရာမာန်နဲ့ အောင်ခိုင် ပွဲမှာဆိုရင် နိုင်တဲ့တစ်ယောက်က ချန်ပီယံ ထွန်းထွန်းမင်းကို စိန်ခေါ်မှာပေါ့။ ဒါကြောင့် ဒီပွဲကို ပရိသတ်က အရမ်းစိတ်ဝင်စားတယ်။ လက်ဝှေ့ချစ်ပရိသတ်တွေအနေနဲ့ ကွင်းထဲကို လာရောက်အားပေးပါ။ ကွင်းထဲမှာကျတော့ လက်တွေ့ကျကျ အကွဲ၊ အပြဲထိုးမယ့်ပွဲကို ကြည့်ရှုလို့ရမှာပါ။ ပွဲကို လာရောက်မကြည့်ရှုနိုင်တဲ့ ပရိသတ်တွေအတွက်လည်း Sky Net ကနေ တစ်ဆင့် ကြည့်ရှုလို့ရပါတယ်” ဟု ဦးကျော်ဇင်ဦးက ဖြည့်စွက်ပြောကြားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117