Connect with us

Myanmar

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ၈ လအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်မတော်တဆမှုဖြစ်ပွါးမှုကြောင့် လူ ၃၈ ဦး သေဆုံးပြီး ၂၅၂ ဦး ဒဏ်ရာရရှိ

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်မတော်တဆမှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ-Myanmar Fire Services Department)

ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ယာဉ်မတော်တဆမှု ၁၂၃ မှု ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၃၈ ဦး သေဆုံးကာ ၂၅၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
အမြန်လမ်းပေါ်တွင် ယခုနှစ်အတွင်း ယာဉ်မတော်တဆမှုနှင့် သေဆုံးမှု အရေအတွက်မှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက လျော့နည်းသွားကြောင်း၊ ယခင်နှစ် အလားတူကာလတွင် ယာဉ်မတော်တဆမှု ၁၂၈ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆၃ ဦး ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ကီလိုမီတာ ၅၈၇ ရှည်လျားပြီး မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တော်နှင့် ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မန္တလေးမြို့ကို ဆက်သွယ်ထားသော လမ်းမကြီး တစ်ခုဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.