Connect with us

Myanmar

မြန်မာနိုင်ငံ နတ်မောက်မြို့တွင် ရေကြီးရေလျှံမှုကြောင့် နေအိမ်နှစ်လုံးမျောပါပြီး လူ ၆ ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ မယ်ဇလီကျေးရွာတွင် စက်တင်ဘာ ၂၈ ရက်၌ ရေကြီးရေလျှံမှုကြောင့် နေအိမ်နှစ်လုံးမျောပါပြီး လူ ၆ ဦး သေဆုံးခဲ့ကြောင်း နတ်မောက်မီးသတ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ပေါ်နှင့် ကျေးရွာအချို့တွင် စက်တင်ဘာလ ၂၇ ရက် ညပိုင်းမှ စတင်ပြီး မိုးသည်း၍ ရေကြီးရေလျှံမှု ဖြစ်ပွါးခဲ့ပြီး စက်တင်ဘာလ ၂၈ ရက်က ရေကြီးရေလျှံမှုကြောင့် နေအိမ်နှစ်လုံး ရေစီးထဲ မျောပါခဲ့ကြောင်း သိရသည်။

အဆိုပါ ရေထဲမျောပါသွားသည့် နေအိမ်နှစ်လုံးအနက် နေအိမ်တစ်လုံးသည် လူများမပါသွားဘဲ မျောပါသွားခြင်းဖြစ်ပြီး ကျန်နေအိမ်တစ်လုံးမှာမူ ကလေးငယ်အပါအဝင် မိသားစု ၆ ဦးပါ မျောပါသွားခြင်းဖြစ်ကြောင်း သိရသည်။

“ခုတော့ ၆လောင်းလုံး ရှာတွေ့ပါပြီ၊ အိမ်၂ လုံးမှာ ၁ လုံးက လူမပါသွားဘူး၊ ၁ လုံးက မိသားစုတစ်စုလုံးပဲ၊ သေဆုံးပါတယ်၊ ဒီမနက်တော့ ရေပြန်ကျနေပါပြီ၊ နတ်မောက်မှာ ဒီလောက် ရေတက်တာ ပထမဆုံးကြုံဖူးတာပါ” ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောသည်။

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရန်ကုန်-မန္တလေးကားလမ်းမပေါ်တွင် ချောင်းတိမ်ချောင်းရေလျှံမှုကြောင့် ယာဉ် (၁)စီး ချောင်းအား ဖြတ်မောင်းစဉ် နစ်မြုပ်မှုဖြစ်ပွါးခဲ့ကြောင်း သိရသည်။ (Xinhua)

နတ်မောက်မြို့တွင် ရေကြီးရေလျှံမှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ-Myanmar Fire Services Department)

နတ်မောက်မြို့တွင် ရေကြီးရေလျှံမှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ-Myanmar Fire Services Department)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117