Connect with us

Education & Health

မြန်မာနိုင်ငံတွင် ၂၀၂၅-၂၆ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ကျောင်းသား /ကျောင်းသူ ၂၀၀,၀၀၀ ကျော် ဝင်ရောက်ဖြေဆို

ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၂၅-၂၆ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ကျောင်းသား /ကျောင်းသူ ၂၀၀,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲများကို နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ် ဌာနတို့၌ ပထမနေ့ မြန်မာစာဘာသာရပ်အား ဖြေဆိုရန် စာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း ၁၀၅ ခရိုင်၊ မြို့နယ်ပေါင်း ၂၆၆ မြို့နယ်၊ စာစစ်ဌာနပေါင်း ၈၈၇ ဌာနတို့၌ ကျောင်းသား ၁၁၂,၁၉၁ ဦး၊ ကျောင်းသူ ၁၅၆,၅၆၂ ဦး၊ စုစုပေါင်း ၂၆၈,၇၅၃ ဦးဖြစ်ပြီး ဖြေဆိုမှုအနေဖြင့် ကျောင်းသား ၁၀၄,၂၅၉ ဦး၊ ကျောင်းသူ ၁၅၀,၉၆၉ ဦး၊ စုစုပေါင်း ၂၅၅,၂၂၈ ဦးဖြစ်သဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ရာခိုင်နှုန်းမှာ ၉၄ ဒသမ ၉၇ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား ဖြေဆိုရန် စာရင်းသွင်း အရေအတွက်မှာ ခရိုင်ပေါင်း ၄၁ ခရိုင်၊ မြို့နယ်ပေါင်း ၅၀ မြို့နယ်၊ စာစစ်ဌာနပေါင်း ၅၃ ဌာနတို့၌ ကျောင်းသား ၂,၀၀၅ ဦး၊ ကျောင်းသူ ၁,၃၈၁ ဦး၊ စုစုပေါင်း ၃,၃၈၆ ဦးဖြစ်ပြီး ဖြေဆိုမှုအနေဖြင့် ကျောင်းသား ၁,၉၉၂ ဦး၊ ကျောင်းသူ ၁,၃၇၂ ဦး၊ စုစုပေါင်း ၃,၃၆၄ ဦးဖြစ်သဖြင့် ဝင်ရောက် ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ရာခိုင်နှုန်းမှာ ၉၉ ဒသမ ၃၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၇ ရက်ထိ ကျင်းပမည်ဖြစ်သည်။

အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့ မတ် ၁၁ ရက်မှ စတင်ဖြေဆိုလျက်ရှိပြီး မတ် ၁၈ ရက်အထိ ဆက်လက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။(Xinhua)