ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းဒေသများ၌ ယခုနှစ်အတွင်း မြန်မာ့ရေချိုငါးမျိုးစိတ်သစ် ၁၀ မျိုးတွေ့ရှိထားကြောင်း အပြည်ပြည် ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် အဖွဲ့(မြန်မာ)FFIထံမှ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် မြစ်ကြီးနား နှင့် ဖားကန့်မြို့နယ်တို့၌ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ လူဦးရေ ၃,၂၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ယနေ့ ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့် မိုးနှောင်းကာလ တွင် တစ်နိုင်ငံလုံးမှ မုတ်သုံ ဆုတ်ခွာရန် ပုံမှန်မိုးရာသီထက် တစ်ပတ်နောက်ကျနိုင်ကြောင်း ၊ အောက်တိုဘာ ဒုတိယပတ်မှသာတစ်နိုင်ငံလုံးမှ ဆုတ်ခွာနိုင်ကြောင်း၊ မုတ်သုံနောက်ဆုတ်ပြီး မိုးနည်းသောကြောင့် မိုးတိမ်တောင်များပိုမိုဖြစ်ပေါ်နိုင်သဖြင့် အထူးဂရုပြုရန်လိုအပ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး...
နေပြည်တော်၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ) လာမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်ရက် ရွေ့ဆိုင်းခြင်း မရွှေ့ဆိုင်းခြင်းမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်သာ သက်ဆိုင်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ညနေပိုင်း ပြုလုပ်သည့် အွန်လိုင်း...
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၁ ခုနှစ်တွင် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲ ၃ ခုအတွက် ပြည်တွင်းပြည်ပခြေစမ်းပွဲများ ကစားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ဆင်ဟွာသို့ စက်တင်ဘာ ၂၅ ရက် တွင်ပြောသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သြဂုတ်လ ကုန်အထိ အခွန်အရပ်ရပ်ကောက်ခံမှုမှ စုစုပေါင်းငွေကျပ် ၆၂၀၆ ဒဿမ ၃၆၁ ဘီလီယံရရှိခဲ့ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင် က ဆင်ဟွာသို့ စက်တင်ဘာ ၂၅...
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ယခုနှစ်မိုးရာသီ တွင် မိုးဦး၊ မိုးလယ်၊ မိုးနှောင်း ကာလ ၃ ခု လုံးတွင် မိုးရေရရှိမှု နည်းသောကြောင့် ဆည်များတွင်ရေရရှိမှုနည်းလျက်ရှိကြောင်း၊တစ်နိုင်ငံလုံးရှိ ရေလှောင်တမံပေါင်း ၂၃၅ ခု တွင် ၁၇ ခုသာ ရေကျော်ကြောင်း၊ ရေလှောင်တမံများရေရှိမှု မနှစ်ကထက်...
ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းရေလှောင်တမံသည် ရေအမှတ် (၅၂၁)ပေ သို့ရောက်ရှိနေရာ သတ်မှတ်ထားသော တမံရေအမှတ်ပေ (၅၂၀) ထက် (၁)ပေ ကျော်လွန်နေ၍ မုန်းတမံအောက်ဘက်တွင်ရှိသော မြို့နယ်အတွင်းရှိရပ်ကွက်များနှင့် ကျေးရွာနေပြည်သူများ သိရှိနိုင်ရန် ကြိုတင်စီမံခန့်ခွဲ့မှုအဆင့်(၁) အဖြစ် သတ်မှတ်ကာ အစိမ်းရောင်အလံများစိုက်ထူ...
ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ်အတွင်း COVID-19 ရောဂါ ဖြစ်ပွားပြီး စီးပွားရေးလုပ်ငန်းများ ခေတ္တရပ်ဆိုင်းခြင်းကြောင့် မျိုးကြက်ဥ ထုတ်လုပ်မှုသည် ကျဆင်းခဲ့ရာ ၁၀၅ ဒသမ ၄ သန်းခန့်သာ ထုတ်လုပ်နိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန...
နေပြည်တော်၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကျန်းမာရေး အထူးကောင်းမွန်လျက်ရှိသည်ဟု သမ္မတ အိမ်တော် ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ နေ့လယ်ပိုင်း၌ အတည်ပြု ပြောကြားခဲ့သည်။