ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရာ၌ လုံခြုံရေးအနေဖြင့် လူပုဂ္ဂိုလ်လုံခြုံရေးနှင့် နေရာလုံခြုံရေး နှစ်မျိုးပေးရန် စီမံဆောင်ရွက်ထားကြောင်း အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၏ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးစောဇေယျာလင်းက ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အတွင်း ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့်အညီရောင်းချမှု ရှိ မရှိစစ်ဆေးရာ ဆေးဆိုင် (၃)ဆိုင်တွင် မြန်မာနိုင်ငံ၌်ဆေးဝါးမှတ်ပုံတင် ထားခြင်းမရှိသော ဆေးဝါးများ(လိုင်းဆေး) သိမ်းဆည်းရမိခဲ့ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် မှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်းများကို ချမှတ်ခြင်းသည် တရားစီရင်ရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်အဖြစ် စနစ်တကျ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ယနေ့ ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဌားယာဉ်(TAXI)များ စတေကာ၊ လေစုပ်ခွက်ကပ်၊ လိုက်ကာနှင့် ကြော်ငြာတပ်ဆင်ခြင်းများပြုလုပ်ပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားသော တက္ကစီယာဉ်များအား စီးတီး တက္ကစီ မှတ်ပုံတင်ခြင်း ၊ သက်တမ်း တိုးခြင်း လုပ်ငန်းများကို သတ်မှတ် ကာလ အတွင်း လာရောက် ဆောင်ရွက်ခြင်း မရှိသည့် စီးတီး တက္ကစီယာဉ်များအား လုပ်ငန်း လိုင်စင်...
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဝန်ကြီးများနှင့် တနင်္လာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး တို့ကို ဇန်နဝါရီ ၂၉ရက်နေ့တွင် ခန့်အပ်လိုက်ကြောင်း သတင်းထုတ်ပြန်ချက် အရသိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ) တွံတေးမြို့နယ် မြောင်းတလုပ်ကျေးရွာ၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၀၇ ရွက်အား ဇန်နဝါရီ ၂၈ ရက်တွင် ဖမ်းဆီး ရမိခဲ့ပြီး ငွေစက္ကူအတုများ ဝင်ရောက်လာသည့် လမ်းကြောင်းအား စိစစ်နေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ပြည်တွင်း၌ လျှပ်စစ်ဓာတ်အား လိုအပ်မှုများအတွက် ဓာတ်အားပေးစက်ရုံများ တည်ဆောက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ် တိုးတက် ကောင်းမွန်ရေးတို့ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ပြည်တွင်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အခြေခံကျသော အခက်အခဲများကို ရှာဖွေစိစစ်၍ ဖြေရှင်းဆောင်ရွက်ရန်လိုကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။