ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၄,၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၉၀ တုံး၊ အလေးချိန် ၃၁.၅ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ စက်တင်ဘာ ၁၄ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။...
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်၊ မြန်မာ့ရေပိုင်နက်မျဉ်း၏အပြင်ဘက် သီးသန့်စီးပွားရေးဇုန်အတွင်း နိုင်ငံခြားငါးဖမ်းရေယာဉ်များအား ကျူနာငါးမျှားတန်းစနစ်ဖြင့် ငါးဖမ်းဆီးခြင်းကို မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများ၏တာဝန်ယူမှုဖြင့် သတ်မှတ်ထားသော ကျူနာငါးမျှားတန်းစနစ်ဖြင့် ငါးဖမ်းဆီးခွင့်ပြုခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်စာချုပ်နှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှထွန်းက ဆင်ဟွာသို့ စက်တင်ဘာ ၁၃...
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ငွေကျပ်သိန်း ၉,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဩဂုတ်လ...
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၏ မြောက်-အနောက်မြောက်ဘက် (၁၆) မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၁၂ ရက် တွင်ပြောကြားသည်။...
ရန်ကုန်၊စက်တင်ဘာလ ၁၁ ရက် (ဆင်ဟွာ) ဖီဖာ နိုင်ငံတကာ ‘အေ’ အဆင့် ချစ်ကြည်ရေး ခြေစမ်းပွဲ (FIFA INTERNATIONAL “A” Friendly Match) အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါလက်ရွေးစင်အသင်းတို့ စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ရာ လူစားဝင်တိုက်စစ်ကစားသမား ဝင်နိုင်ထွန်း၏...
ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှ ဩဂုတ်လအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုကြောင့် လူ ၆၃ ဦးသေဆုံးခဲ့ပြီး ၂၀၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မျိုးလင်းသန့်က ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၁၁...
ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ နီးကပ်လာသည်နှင့်အမျှ မြန်မာ့လက်ရွေးစင် အားကစားသမားများသည် ကြိုတင်ပြင်ဆင်မှုများကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိပြီး၎င်းတို့၏ စွမ်းရည်များတိုးတက်စေရေးနှင့် ဆုတံဆိပ်များရရှိရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော အရေအတွက် ၃ ခု၊ ဧကပေါင်း ၄၅,၄၉၃ ဧကသတ်မှတ်ပြီးဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဦးစီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်ဇင်မာထွန်းက ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၇ ရက်တွင်ပြောသည်။...
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီ (၃၆) ပါတီ အား တွေ့ဆုံခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် မိတ်ဆက်သရုပ်ပြ လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့ စက်တင်ဘာ ၅ ရက်၌ ကျင်းပခဲ့သည်။ ရွေးကောက်ပွဲများ၌ မဲပေးရာတွင်...
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် အတည်ပြု သတ်မှတ်ထားသည့် ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ရှားပါးဘင်္ဂလားကျားများကို ထိန်းသိမ်းလျက်ရှိပြီး ယင်းသို့ထိန်းသိမ်းထားရှိသည့်အတွက် ကင်မရာမှတ်တမ်းများအရ ကျားကောင်ရေများ တိုးပွားလာသည်ကိုတွေ့ရှိရကြောင်း ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ ဦးစီးအရာရှိ ဦးဝင်းလှိုင်က ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၅...