Politics, Law & Military
ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များ ငွေကြေးထောက်ပံ့ရေးမှု အစီစဉ် တိုးချဲ့နိုင်ရေး ဆွေးနွေး
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)
ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမွေးဖွားသော ကလေး အသက်နှစ်နှစ်အထိ ငွေကြေးထောက်ပံ့ရေး အစီအစဉ်(MCCT Program)အား တိုးချဲ့နိုင်ရေး ကူညီပေးရေးကိစ္စများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် The World Bankတို့တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် ရခိုင်ပြည်နယ်အတွက် UEHRD အား တည်ထောင်၍ မိတ်ဆွေနိုင်ငံများ၊ မိတ်ဆွေ အဖွဲ့အစည်းများ၏ အကူအညီဖြင့် လူသားချင်း စာနာမှုအကူအညီများ၊ ပြန်လည်ထူထောင်ရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာတွင် အဓိကဦးစားပေး အစီအစဉ်ရှစ်ခု ပါဝင်ပြီး အသက် ၉ဝ နှင့်အထက် သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်နှင့် MCCT အစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ အရေးပေါ်ငွေကြေး ထောက်ပံ့ရေးနှင့် ပုံမှန်ငွေကြေး ထောက်ပံ့ရေး ဆိုင်ရာ အစီအစဉ်များ ဆောင်ရွက်နေမှု ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)