Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး မျှော်လင့်ချက် ရှိပြီဟု ဒေါက်တာ အေးမောင် သုံးသပ်

ရခိုင် အမျိုးသား ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်မှ ဆင်ဟွာ သတင်းဌာန၏ သီးသန့် အင်တာဗျူး လက်ခံ ဖြေကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးများ ချုပ်ငြိမ်းပြီးမှ ပြည်ထောင်စု ပုံသဏ္ဍာန် တစ်ခုနဲ့ သွားလိုတဲ့ နိုင်ငံတော်ဘက်က ကမ်းလှမ်းချက်အပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက အလေးအနက်ထား ဆွေးနွေး ကြသည့်အတွက် နှစ်ဘက်တွင် မျှော်လင့်ချက် ရှိကြောင်း ရခိုင် အမျိုးသားပါတီမှ ဥက္ကဌ ဒေါက်တာ အေးမောင်က ဆင်ဟွာကို ပြောသည်။

ဒေါက်တာ အေးမောင်က “တွေ့ဆုံ ဆွေးနွေးပြီးမှ နှစ်ပေါင်း ၆၀ ကျော် ပဋိပက္ခ အချင်းချင်း သတ်ဖြတ် နေကြတဲ့ ပဋိပက္ခကို ရပ်စေချင်တယ်။ အဲ့ဒီက တစ်ဆင့် နိုင်ငံရေးအားဖြင့် ဆွေးနွေးမှု တစ်ခုလုပ်ပြီး စစ်မှန်တဲ့ ပြည်ထောင်စုကို သွားချင်တဲ့ သဘောရပါတယ်။ ဒါက ပထမ ခြေလှမ်းတစ်ခုက အောင်မြင်တဲ့ သဘော ဖြစ်ပါတယ်။ တကယ်တမ်း အပစ်အခတ် ရပ်စဲမယ့် အနေအထား ဟုတ်မဟုတ်ကတော့ ဒီကတိကဝတ်နဲ့ ဆိုင်ပါတယ်။ လက်မှတ်ထိုးတဲ့ နှစ်ဘက်မှာ ပါဝင်တဲ့တပ် အထူးသဖြင့် တပ်နဲ့ ပတ်သက်ပါတယ်’’ ဟုပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတိုင်းမှာ နိုင်ငံရေး ပါတီရှိပြီး၊ မြေအောက် နိုင်ငံရေး ပါတီတွေ ရှိပါကြောင်း၊ အဲ့သည့် ပါတီတွေရဲ့ ရှေ့မှာတော့ လက်နက်ကိုင် တပ်မတော် ရှိတယ်ဟု သိရသည်။ တပ်မတော် အချင်းချင်း အပစ်အခတ် ရပ်စဲတာ မဟုတ်ဘဲနဲ့ တနည်းအားဖြင့် ဒီဘက်က ဆိုလည်း တပ်မတော်ရဲ့ နောက်မှာ အစိုးရရှိမယ်။ ဟိုဘက်က ဆိုရင်လည်းပဲ သူတို့ရဲ့ တော်လှန်ရေး တပ်မတော် နောက်မှာ ပါတီရှိမယ်။ အဲ့လို ညှိနှိုင်း ပြီးတော့မှ ပထမအဆင့် သွားတာမျိုးဆိုရင် အကောင် အထည် ဖော်ဖို့အတွက် လမ်းစ ရနိုင်ကြောင်း ဆိုသည်။

“ဒါမှမဟုတ် လက်မှတ်ထိုးရုံနဲ့ အောက်ခြေအထိ ဒီအကျိုးကို လက်ခံတဲ့ အခြေအနေ မရှိဘူးဆိုရင် ပထမ တစ်ကြိမ်တုန်းက ရှမ်းပြည် မြောက်ပိုင်း ကချင် ပြည်နယ်ဘက်မှာ ဖြစ်သွားသလိုမျိုး လက်မှတ်ထိုးတယ်။ ကတိပေးတယ်။ ဒါပေမယ့်လို့ ခုနက ပြောသလို မြေပြင်မှာ တကယ် ဖြစ်နေတယ် ဆိုတာမျိုး ဖြစ်မှာပေါ့။ ဒီ အဆင့် ကနေ တက်ဖို့ဟာကတော့ ကျွန်တော်ထင်ပါတယ်။ နိုင်ငံရေးအားဖြင့် တွေ့ဆုံဆွေးနွေးမှု တစ်ခုကို လုပ်ဖို့အတွက် မူဘောင် တစ်ခုကို ရလာနိုင်တယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ အဲ့ဒီနောက်မှာ မှပဲ ကျွန်တော်တို့ အားလုံး လက်ခံနိုင်တဲ့ ငြိမ်းချမ်းမှုကို ရနိုင်မယ်လို့ ထင်ပါတယ်’’ ဟု ၎င်းက ဆက်ပြောသည်။

အထူးသဖြင့် ကိုးကန့် ပြဿနာလေး ဖြစ်တဲ့အခါမှာ ကိုးကန့်ဘက်က အတူလက်တွဲခဲ့တဲ့ တိုင်းရင်း သား နှစ်ဖွဲ့ရှိပါတယ်။ တစ်ဖွဲ့က TNLA တအာန်း ပလောင်၊ တစ်ဖွဲ့က ရခိုင်လို့ ကျွန်တော်တို့ သိပါတယ်။ အဓိကကတော့ တိုင်းရင်းသား အချင်းချင်း စစ်ခင်းနေကြတဲ့ အတွက် လက်ရှိပုဂ္ဂိုလ် တွေအားလုံးမှာ တာဝန်ရှိ ကြကြောင်း သိရသည်။

တိုင်းရင်းသား အားလုံးပါအောင် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းအောင် ကျွန်တော်တို့ အစိုးရ အပါအဝင် တာဝန်ရှိပါကြောင်း၊ အားလုံးပါဝင်တဲ့ ငြိမ်းချမ်း ရေး လက်မှတ်ထိုးပွဲ ဖြစ်မှသာ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းမှုကို ရမယ်လို့ ထင်ပါတယ်ဟု ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.