Connect with us

Politics, Law & Military

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် (မူကြမ်း) သမ္မတရှေ့ လက်မှတ်ရေးထိုး

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (မူကြမ်း) အား သမ္မတ ရှေ့ လက်မှတ် ရေးထိုးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ တစ်နှစ်ကျော်ကြာ ဆွေးနွေးခဲ့ရသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) (မူကြမ်း)ကို သမ္မတ ဦးသိန်းစိန်ရှေ့ မှောက်၌ နှစ်ဖက်ခေါင်းဆောင်များ ယနေ့ နံနက်ပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ နှစ်ဖက် ခေါင်းဆောင်များ သဘောတူညီထားသည့် (NCA) ကို လာမည့် ဧပြီလအတွင်း လက်မှတ်ရေးထိုးနိုင်ရန် သေချာပေါက်ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ Political Dialogue အတွက် လမ်းပွင့်သွားပြီဖြစ်ကြောင်း၊ ဒုတိယပင်လုံ၏ အောင်ပွဲတခုဖြစ်ကြောင်း ယနေ့ကျင်းပသည့် (NCA) (မူကြမ်း) လက်မှတ်ရေးထိုးပွဲ အဖွင့် မိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန်က ဆိုသည်။

(NCCT) အနေဖြင့် ဧပြီလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးမှ ထိပ်သီးခေါင်းဆောင်များ ပါဝင်မည့် တိုင်းရင်းသား ညီလာခံ တစ်ရပ်ကျင်းပပြီး လက်ရှိ လက်မှတ်ထိုးထားသည့် (NCA) မူကြမ်းပါအချက်အလက်များကို ထိပ်သီး ခေါင်းဆောင် များကို တင်ပြ၍ သဘောတူညီချက် ရယူသွားမည်ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် (၁၆) ဖွဲ့ဖြင့် ပထမအဆင့် လက်မှတ် ရေးထိုးသွားမည်ဖြစ်ပြီး အချိန်ရလျှင် ကျန်အဖွဲ့များနှင့် ဆွေးနွေး လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း (UPWC) ဒုတိယ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောသည်။

(NCCT)ဘက်မှ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ကို လက်နက်ကိုင် တိုင်းရင်းသားများ အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး အစိုးရ အသိအမှတ်ပြုထားသော (၁၆) ဖွဲ့အပြင် ကျန်ရှိနေသော ၊ ကိုးကန့်၊ ဝ ၊ မိုင်းလား၊ ရှမ်းပြည်နယ် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှန်းပြည်တပ်မတော် (RCSS / SSA) နှင့် တအောင်း အမျိုးသား လွန်မြောက်ရေး တပ်မတော် (TNLA) တို့ပါ လက်မှတ် ထိုးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း (NCCT) ဥက္ကဌ ဦးနိုင်ဟံသာက ဆိုသည်။ (Xinhua)