Connect with us

Politics, Law & Military

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ ခန့်အပ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခန့်အပ်ကြောင်း အမိန့်ကြေညာစာအား တွေ့ရစဉ်(ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ)

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ၃ ဦးတို့အားခန့်အပ်လိုက်ကြောင်းနိုင်ငံတော်သမ္မတရုံးမှအမိန့်စာများထုတ်ပြန်ခဲ့သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးဆက်အောင် ကို ခန့်အပ် တာဝန် ပေးလိုက်ကြောင်း အမိန့်အမှတ်၊ ၁၉/၂၀၁၇ အား ထုတ်ပြန်ခဲ့သည်။

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ ခန့်အပ်ကြောင်း အမိန့် ကြေညာစာအား တွေ့ရစဉ်(ဓာတ်ပုံ-Myanmar President Office)

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးစိုးမင်း၊ ဦးစိုးသိန်း နှင့် ဦးဘိုဘိုငယ် တို့အား ခန့်အပ် တာဝန် ပေးလိုက်ကြောင်း အမိန့်အမှတ်၊ ၂၀/၂၀၁၇ အား ထုတ်ပြန်ခဲ့သည်။ (Xinhua)