Connect with us

Politics, Law & Military

အကြီးစား ရွှေလုပ်ကွက် သုံးခုမှ ရွှေကြွေးကျန် ပိသာ ၄၆၀ ကျော် ရရှိပြီးဖြစ်ကြောင်း ဖြေကြား

ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်( ၁) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစောမိုးမြင့်က မေးမြန်းနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

အကြီးစား ရွှေလုပ်ကွက် သုံးခုတို့ ဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် မိုးထိမိုးမိဒေသ ရွှေလုပ်ကွက် (A)၊ ဝါးဖြူတောင်ဒေသရှိ လုပ်ကွက် (B)၊ ရှမ်းပြည်နယ် ကလောမြို့နယ် ရွှေမင်းဖုန်း ဒေသရှိ နှင့် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် လယ်ပြင်ဒေသရှိ လုပ်ကွက် (D) တို့မှ နိုင်ငံတော်က ရရန်ရှိသော ရွှေကြွေးကျန်များအနက် ရွှေစင် ၄၆၄ ဒသမ ၃၇၄၈ ပိသာ ရရှိပြီး ဖြစ်ကြောင်း သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်အထိ ဒုတိယ အကြိမ်ပြင်ဆင် ချုပ်ဆိုပြီး စာချုပ်အရ ၂၀၁၁ -မှ ၂၀၁၆ ငါးနှစ်အတွင်း လစဉ်ပေးသွင်းခဲ့ပြီးတဲ့ ရွှေပမာဏက လုပ်ကွက် (A) မှ ရွှေစင် ၂၄၃ ဒသမ ၃၆၀၄ ပိသာ၊ လုပ်ကွက် (B)မှ ၉၁ ဒသမ ၉၁၈၇ ပိသာ၊ လုပ်ကွက် (D) မှ (၂၀၁၆ ခုနှစ် စက်တင်ဘာလ အထိ) ၁၂၉ ဒသမ ၀၉၅၇ ပိသာ — စုစုပေါင်း ရွှေစင် ၄၆၄ ဒသမ ၃၇၄၈ ပိသာ ပေးသွင်းပြီး ဖြစ်ပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အမျိုးသား လွှတ်တော်၌ ဖြေကြားနေစဉ် (ဆင်ဟွာ)

ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစောမိုးမြင့် (ခ) ဆင်မြူရယ်၏ “ရွှေပါဝင်မှုနှုန်း မြင့်မားပြီး သတ္တုသိုက်ပမာဏ ကြီးမားသော သတ္တုသိုက်များ (မိုးထိ မိုးမိ လုပ်ကွက် (A)၊ ဝါးဖြူတောင်လုပ်ကွက် (B)၊ လယ်ပြင်လုပ်ကွက် (D) တို့အား လုပ်ကိုင်ခွင့် ပြုထားသည့် ကုမ္ပဏီများမှ သတ်မှတ် ရွှေပမာဏအား ပေးသွင်းရန် ပျက်ကွက်နေမှုအပေါ် မည်သို့ အရေးယူ ဆောင်ရွက်သည်ကို သိရှိလိုခြင်း” ဟူသည့် မေးခွန်းကို ၎င်းက ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.