Connect with us

Politics, Law & Military

လူ့အခွင့်အရေး ဟောပြောပွဲများကို ၂၀၁၇ ခုနှစ်အတွင်း မြို့ ၁၈ မြို့သို့ သွားရောက် ဆောင်ရွက်မည်

မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့်အရေး ကော်မရှင်၏ ဥက္ကဋ္ဌ ဦးဝင်းမြက ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် လေ့ကျင့် ပညာပေးရေးဆိုင်ရာ ဟောပြောပွဲများကို ယခုနှစ်အတွင်း မြို့ ၁၈ မြို့တို့သို့ သွားရောက် ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ဥက္ကဌ ဦးဝင်းမြက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“လူ့ အခွင့်အရေး ဟောပြောပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်ရေးအတွက် ၂၀၁၇ ခုနှစ်အတွင်း ပူတာအို၊ မချမ်းဘော၊ မိုးကောင်း၊ ဟိုပင်၊ မိုးညင်း၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ တာလေ၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ငသိုင်းချောင်း စတဲ့ မြို့တွေကို သွားပြီး ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်” ဟု ကော်မရှင် ဥက္ကဌက ပြောခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၆ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်းပြီး ဇူလိုင် ၂၆ ရက်နေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ လွှတ်တော် ကိုယ်စားလှယ် များ၏ ဆွေးနွေးချက်များ အပေါ် ကော်မရှင် ဥက္ကဌ ဦးဝင်းမြက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြန်လည် ရှင်းလင်း ဆွေးနွေးရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လူ့အခွင့်အရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွေ၊ သင်တန်းတွေမှာ ပို့ချတဲ့ Resource person တွေနဲ့ ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင်များ အပြင် နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်များကပါ လာရောက်ပြီး နယ်ပယ်စုံအတွက် အသိပညာ ဗဟုသုတများ ဖြန့်ေ၀ ပို့ချပေးခဲ့ကြပါတယ်” ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှုများတွင် အရပ်ဘက် အဖွဲ့အစည်းများ၊ မီဒီယာများ၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်သွားရန် ကိုယ်စားလှယ်များ၏ ဆွေးနွေး အကြံပြုချက်အပေါ် ၎င်းက “၂၀၁၆ ခုနှစ်ထဲမှာ ပြည်တွင်းမှာ ရှိတဲ့ NCRWG (NGOs, Child Rights Working Group) , AGIPP, NWF စတဲ့ အဖွဲ့အစည်းများနဲ့ ပူးပေါင်း လုပ်ကိုင်ခဲ့တဲ့အပြင် Equality Myanmar က ဖွင့်လှစ်တဲ့ လူ့အခွင့်အရေး နည်းပြသင်တန်းမှာ ကော်မရှင် ရုံးဝန်ထမ်းတွေကို တက်ရောက်စေခဲ့ပါတယ်၊ Asia Pacific Forum က ပြုလုပ်တဲ့ လူ့အခွင့်အရေး ပညာပေး အလုပ်ရုံ ဆွေးနွေးပွဲများကို ကော်မရှင်ရုံး အရာရှိများကို တက်ရောက်စေခဲ့ပါတယ်” ဟု ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေတွင် လူ့အခွင့်အရေးနှင့် စပ်လျဉ်းပြီး ကောင်းမွန်သည့် ကျင့်သုံးမှု ပုံစံများ ပါဝင်သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ပညာရှင် အချို့က သုံးသပ်မှုများ ရှိသကဲ့သို့ပါရီ အခြခံမူများနှင့် အပြည့်အ၀ ကိုက်ညီမှု ရှိကြောင်း ဝေဖန် သုံးသပ်မှုများလည်း ရှိနေသည်ဟု ကော်မရှင် ဥက္ကဋ္ဌက ပြောခဲ့သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ကုလသမဂ္ဂ ပံ့ပိုးမှုဖြင့် ဖွဲ့စည်း ထားသော အမျိုးသား လူ့အခွင့်အရေးဆိုင်ရာ ကမ္ဘာ့ အဖွဲ့ (GANHRI) က “B” အဆင့် သတ်မှတ် ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသည့် ယူရို အစည်းအဝေးက GANHRI အဖွဲ့ဝင် အဖြစ် လက်ခံခဲ့ကြောင်း ကော်မရှင်အား A အဆင့် သတ်မှတ်ခံရရန် ကြိုးစားဖို့ အခွင့်အလမ်းများလည်း ရှိနေကြောင်း ၎င်းက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.