Connect with us

Politics, Law & Military

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အား အတည်ပြုလက်မှတ်ထိုးရန် အဆင်သင့်ဖြစ်နေကြောင်း သမ္မတ ဦးသိန်းစိန်ဆို

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေပုံ (ဆင်ဟွာ)

ရန်ကုန်၊ မေ ၄ ရက်(ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်အား အတည်ပြု လက်မှတ်ထိုး ရန် အဆင်သင့် ဖြစ်နေပြီး တိုင်းရင်းသားအဖွဲ့ အစည်းများ၏ ညီလာခံမှ ပေါ်ထွက်လာမည့် ရလဒ်အား စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၎င်း၏ ဧပြီလ (၄) ရက်နေ့ ရေဒီယို မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စသည်ဖြင့် အားလုံးသည် ပြည်တွင်းစစ် ရပ်စဲရန် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လုပ်ရန် လက်ခံ သဘောတူညီကြပြီး နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံး ဖြစ်ပေါ်ရန် ကြိုးစားလျှက်ရှိကြောင်း သမ္မတဦးသိန်းစိန်က ဆိုသည်။

ထို့ပြင် ငြိမ်းချမ်းရေးကို ဦးတည်ကြောင်းနှင့် စီးပွါးရေး ဖွံ့ဖြိုး တိုးတက်မှုအား မြှင့်တင်ရန် ၎င်း၏ ရေဒီယို မိန့်ခွန်းထဲတွင် ထပ်လောင်း ပြောကြားခဲ့သည်။

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်း (ပန်ဆန်း) တွင် ၆ ရက်ကြာပြုလုပ်သည့် တိုင်းရင်းသားညီလာခံတွင် ကရင် အမျိုးသား တပ်မတော် (KNU) ၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့ တက်ရောက် ဆွေးနွေးကြသည်။ အဆိုပါ ညီလာခံအား မေလ (၁) ရက် နေ့တွင် စတင် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအား မတ်လကုန်တွင် လက်မှတ်ရေးထိုး နိုင်ခဲ့သော်လည်း ပန်ခမ်း(ပန်ဆန်း) ညီလာခံတွင် တက်ရောက်သည့် လက်နက်ကိုင် အဖွဲ့အစည်း မစုံသဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်အား တရားဝင် ချုပ်ဆိုနိုင်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ အခြားနေရာ တစ်ခုတွင် နောက်ထပ် ဆွေးနွေးပွဲ တစ်ခုအား ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် မတ်လတွင် သမ္မတ ဦးသိန်းစိန် အစိုးရ အာဏာရပြီးသည့်နောက် အမျိုးသား ရင်ကြားစေ့ရေး နှင့် ပတ်သက်၍ အကြိမ်ကြိမ် ထပ်လောင်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခတွေသည် နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းရမှာ ဖြစ်တယ်ဆိုတဲ့ အချက်ကို အင်အားစု အားလုံးကလည်း လက်ခံထားတာ ဖြစ်တဲ့အတွက် နိုင်ငံရေး ဆွေးနွေးပွဲများ စောလျင်နိုင်သမျှ စောလျင်စွာ စတင် နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ ရည်မှန်းချက်ထား ကြိုးပမ်းနေတာ ဖြစ်ကြောင်းကိုလည်း အသိပေး ပြောကြား လိုပါတယ်ဟု သမ္မတ၏ ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)